1 တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။
2 သင်သည်သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းကို ကြံစည်တတ်၏။သင်၏လျှာသည်သင်တုန်းဋ္ဌားကဲ့သို့ထက်မြက်၏။သင်သည်မဟုတ်မမှန်သည့်စကားကိုအစဉ်ပင် လုပ်ကြံပြောဆိုတတ်၏။
3 သင်သည်အကောင်းထက်အဆိုးကိုလည်းကောင်း၊သစ္စာစကားထက်မုသားစကားကိုလည်းကောင်း ပို၍နှစ်သက်တတ်၏။
4 အချင်းလူလိမ်၊သင်သည်မိမိ၏နှုတ်အားဖြင့်လူတို့အားထိခိုက်နစ်နာအောင်ပြောဆိုရန် နှစ်သက်ပါသည်တကား။
5 သို့ဖြစ်၍ဘုရားသခင်သည်သင့်အားထာဝစဉ် ပြိုလဲစေတော်မူလိမ့်မည်။ကိုယ်တော်သည်သင့်ကိုနေအိမ်မှဆွဲထုတ် တော်မူလိမ့်မည်။သင့်ကိုသက်ရှင်နေသူတို့နေထိုင်ရာလူ့ပြည်မှ ဖယ်ရှားတော်မူလိမ့်မည်။
6 သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်လျှင် ကြောက်လန့်ကြလိမ့်မည်။သူတို့သည်သင့်အားကြည့်၍ပြုံးရယ်ကြလျက်
7 ``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကိုအားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။