3 သင်သည်အကောင်းထက်အဆိုးကိုလည်းကောင်း၊သစ္စာစကားထက်မုသားစကားကိုလည်းကောင်း ပို၍နှစ်သက်တတ်၏။
4 အချင်းလူလိမ်၊သင်သည်မိမိ၏နှုတ်အားဖြင့်လူတို့အားထိခိုက်နစ်နာအောင်ပြောဆိုရန် နှစ်သက်ပါသည်တကား။
5 သို့ဖြစ်၍ဘုရားသခင်သည်သင့်အားထာဝစဉ် ပြိုလဲစေတော်မူလိမ့်မည်။ကိုယ်တော်သည်သင့်ကိုနေအိမ်မှဆွဲထုတ် တော်မူလိမ့်မည်။သင့်ကိုသက်ရှင်နေသူတို့နေထိုင်ရာလူ့ပြည်မှ ဖယ်ရှားတော်မူလိမ့်မည်။
6 သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်လျှင် ကြောက်လန့်ကြလိမ့်မည်။သူတို့သည်သင့်အားကြည့်၍ပြုံးရယ်ကြလျက်
7 ``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကိုအားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
8 ငါမူကားထာဝရဘုရား၏အိမ်တော်အနီးတွင် ပေါက်သည့်သံလွင်ပင်နှင့်တူ၏။ငါသည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာကို ကာလအစဉ်အမြဲကိုးစား၏။
9 အို ဘုရားသခင်၊ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်အတွက်ကျွန်တော်မျိုးသည်အစဉ်အမြဲကျေးဇူးတော်ကို ချီးမွမ်းပါမည်။ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်းကိုကိုယ်တော်ရှင်၏လူစုတော်ရှေ့တွင်ထုတ်ဖော် ကြေညာပါမည်။