ဆာ​လံ 54:1-4 BCL

1 အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​၏​အာ​နု​ဘော် အား​ဖြင့် လွတ်​မြောက်​စေ​တော်​မူ​ပါ။

2 ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း ပတ္ထနာ​ကို ကြား​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တောင်း​လျှောက်​သော​စကား​တို့​ကို နား​ထောင်​တော်​မူ​ပါ။

3 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား တိုက်​ခိုက်​ရန်​လာ​ကြ​ပါ​ပြီ။ဘု​ရား​ကို​ပ​မာ​ဏ​မ​ပြု​သည့်ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​သည်​ကျွန်​တော်​မျိုး အား သတ်​ရန်​ကြိုး​စား​ကြ​ပါ​၏။

4 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​ကူ​မ​တော် မူ​သော အ​ရှင်​ဖြစ်​၏။ငါ​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော်​မူ​သော​အ​ရှင် ဖြစ်​၏။