ဆာ​လံ 55:13-19 BCL

13 သို့​ရာ​တွင်​ယင်း​သို့​ပြု​သူ​မှာ​ငါ​၏​အ​ပေါင်း​အ​ဖော်၊ လုပ်​ဖော်​ဆောင်​ဘက်၊ရင်း​နှီး​သည့်​မိတ်​ဆွေ​ဖြစ်​သူ​ပင်​ဖြစ်​ပါ​သည်​တ​ကား။

14 သင်​နှင့်​ငါ​သည်​ရင်း​နှီး​စွာ​ဆွေး​နွေး​တိုင်​ပင်​ခဲ့​ကြ​၏။ဗိ​မာန်​တော်​တွင်​လည်း​အ​တူ​တူ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​၏။

15 ငါ​၏​ရန်​သူ​များ​သည်​သေ​နေ့​မ​စေ့​မီ သေ​ရ​ကြ​ပါ​စေ​သော။အ​ရှင်​လတ်​လတ်​သေ​ရွာ​သို့​သွား​ရ​ကြ​ပါ​စေ​သော။သူ​တို့​၏​နေ​အိမ်​များ​သည်​ဆိုး​ညစ်​မှု​ကြီး​စိုး​ရာ ဌာ​န​များ​ဖြစ်​ကြ​၏။သူ​တို့​၏​စိတ်​နှ​လုံး​သည်​ဆိုး​ညစ်​မှု​နှင့် ပြည့်​နှက်​လျက်​ရှိ​၏။

16 ငါ​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​လိမ့်​မည်။

17 ငါ​၏​ညည်း​တွား​မြည်​တမ်း​သံ​များ​သည်​နံ​နက်​ချိန်၊ မွန်း​တည့်​ချိန်၊ညဥ့်​အ​ချိန်​တို့​၌အ​ထံ​တော်​သို့​ရောက်​သ​ဖြင့်​ကိုယ်​တော်​သည် ကြား​တော်​မူ​လိမ့်​မည်။

18 ဤ​မျှ​များ​လှ​သော​ရန်​သူ​တို့​နှင့်တိုက်​ခိုက်​ရာ​စစ်​ပွဲ​များ​မှ​ငါ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပြန်​လာ​စေ​တော်​မူ​လိမ့်​မည်။

19 ရှေး​ကမ္ဘာ​အ​ဆက်​ဆက်​မှ​စ​၍ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​အားပိုင်​သ​အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်ငါ​၏​ပတ္ထနာ​စ​ကား​ကို​ကြား​၍​ရန်​သူ​တို့​အား အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​စိတ်​နှ​လုံး ပြောင်း​လဲ​မှု​မ​ရှိ​ကြ။ကိုယ်​တော်​ကို​လည်း​မ​ကြောက်​ရွံ့​ကြ​သော​ကြောင့် ဖြစ်​၏။