ဆာ​လံ 55:19-23 BCL

19 ရှေး​ကမ္ဘာ​အ​ဆက်​ဆက်​မှ​စ​၍ လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​အားပိုင်​သ​အုပ်​စိုး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်ငါ​၏​ပတ္ထနာ​စ​ကား​ကို​ကြား​၍​ရန်​သူ​တို့​အား အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​စိတ်​နှ​လုံး ပြောင်း​လဲ​မှု​မ​ရှိ​ကြ။ကိုယ်​တော်​ကို​လည်း​မ​ကြောက်​ရွံ့​ကြ​သော​ကြောင့် ဖြစ်​၏။

20 ငါ​၏​မိတ်​ဆွေ​ဟောင်း​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို တိုက်​ခိုက်​၍​မိ​မိ​၏​က​တိ​ကို​လည်း​ဖျက်​၏။

21 သူ​၏​စ​ကား​တို့​သည်​ထော​ပတ်​ထက်​ပင် ချော​မွတ်​သော်​လည်းသူ​၏​စိတ်​နှ​လုံး​ထဲ​၌​မူ​ကား မုန်း​တီး​တတ်​သော​သ​ဘော​ရှိ​၏။သူ​၏​စ​ကား​တို့​သည်​ဆီ​ကဲ့​သို့​ပျော့​ပျောင်း သော်​လည်း ထက်​သော​ဋ္ဌား​ကဲ့​သို့​ထိ​ခိုက်​နာ​ကြင်​စေ​တတ်​၏။

22 သင်​၏​ဝန်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​လွှဲ​အပ်​လော့။ကိုယ်​တော်​သည်​သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။သူ​တော်​ကောင်း​တို့​ကို​အ​ဘယ်​အ​ခါ​၌ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

23 သို့​ရာ​တွင် အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည် လူ​သတ်​သ​မား​များ​နှင့်​လူ​လိမ်​များ​အားသူ​တို့​သက်​တမ်း​ထက်​ဝက်​မ​ကျိုး​မီ​သင်္ချိုင်း တွင်း​သို့ သက်​ဆင်း​စေ​တော်​မူ​မည်။ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​ကို​ကိုး​စား ပါ​မည်။