ဆာ​လံ 55:4-10 BCL

4 ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​ကြောက်​လန့်​လျက် နေ​ပါ​၏။သေ​ဘေး​ကို​လွန်​စွာ​ထိတ်​လန့်​လျက်​ရှိ​ပါ​၏။

5 ကြောက်​လန့်​တုန်​လှုပ်​လျက်၊လွန်​စွာ​တုန်​လှုပ် ချောက်​ချား​လျက်​ရှိ​ပါ​၏။

6 အ​ကယ်​၍​ချိုး​ငှက်​ကဲ့​သို့​ငါ့​မှာ​အ​တောင်​များရှိ​ခဲ့​ပါ​မူ​ငါ​သည်​အ​ဝေး​သို့​ပျံ​သွား​ကာ နား​နေ​စ​ရာ​အ​ရပ်​ကို​ရှာ​မည်။

7 ငါ​သည်​အ​လွန်​ဝေး​ရာ​အ​ရပ်​သို့​ပျံ​သွား​လျက် တော​ကန္တာ​ရ​တွင်​နေ​ထိုင်​ပါ​မည်။

8 ငါ​သည်​လျင်​မြန်​စွာ​သွား​၍​လေ​ပြင်း​နှင့်မိုး​သက်​မုန်​တိုင်း​တို့​မှ​အ​ကာ​အ​ကွယ်​ကို​ရှာ​မည်။

9 အို ဘု​ရား​ရှင်၊ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ပြော​ဆို​သည့် စ​ကား​များ​ကို​ရှုပ်​ထွေး​စေ​တော်​မူ​ပါ။မြို့​တွင်း​၌​အ​ကြမ်း​ဖက်​မှု​နှင့်​လု​ယက်​မှု​တို့​ကို ကျွန်​တော်​မျိုး​မြင်​ပါ​၏။

10 ထို​သူ​တို့​သည်​မြို့​ကို​နေ့​ည​မ​ပြတ်​ဝိုင်း​ရံ​ထား ကြ​ပါ​၏။မြို့​ထဲ​တွင်​ရာ​ဇ​ဝတ်​မှု၊နှောင့်​ယှက်​မှု​များ​နှင့် ပြည့်​နှက်​လျက်​ရှိ​ပါ​၏။