ဆာ​လံ 56:5-11 BCL

5 ငါ​၏​ရန်​သူ​များ​သည်​ငါ့​ကို​တစ်​နေ့​လုံး စော်​ကား​ပြော​ဆို​ကြ​၏။ငါ့​အား​အ​ကျိုး​နည်း​စေ​ရန်​နည်း​လမ်း​ကို အ​စဉ်​ပင်​ရှာ​ကြံ​လျက်​နေ​ကြ​၏။

6 သူ​တို့​သည်​ပုန်း​ကွယ်​ရာ​အ​ရပ်​များ​တွင် စု​ရုံး​ကာငါ့​ကို​သတ်​ဖြတ်​နိုင်​ရန်​ငါ​ပြု​သ​မျှ​သော အ​မှု​တို့​ကို​ချောင်း​မြောင်း​၍​ကြည့်​ကြ​၏။

7 အို ဘု​ရား​သ​ခင်၊သူ​တို့​ပြု​သော​ဒု​စ​ရိုက်​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။အ​မျက်​တော်​ထွက်​၍​သူ​တို့​အား​နှိမ်​နင်း တော်​မူ​ပါ။

8 ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ သည်​ကိုကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​မျက်​ရည်​ပေါက် များ​ကို​စာ​ရင်း​ပြု​၍​ထား​တော်​မူ​ပြီ။ကိုယ်​တော်​ရှင်​၏​စာ​စောင်​တွင်​စာ​ရင်း​ပြု​၍​ထား​သည် မ​ဟုတ်​ပါ​လော။

9 ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုးတောင်း​လျှောက်​သော​နေ့​၌​ရန်​သူ​တို့​သည် တပ်​လန်​ကြ​ပါ​လိမ့်​မည်။ဘု​ရား​သ​ခင်​သည်​ငါ​၏​ဘက်​တွင်​ရှိ​တော်​မူ ကြောင်း​ကို ငါ​သိ​၏။

10 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ချီး​မွမ်း​ပါ​၏။

11 ငါ​သည်​ကိုယ်​တော်​ကို​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​မည်​မ​ဟုတ်။လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။