ဆာ​လံ 56:8-13 BCL

8 ကျွန်​တော်​မျိုး​သည်​အ​တိ​ဒုက္ခ​ရောက်​လျက်​ရှိ သည်​ကိုကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​မျက်​ရည်​ပေါက် များ​ကို​စာ​ရင်း​ပြု​၍​ထား​တော်​မူ​ပြီ။ကိုယ်​တော်​ရှင်​၏​စာ​စောင်​တွင်​စာ​ရင်း​ပြု​၍​ထား​သည် မ​ဟုတ်​ပါ​လော။

9 ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုးတောင်း​လျှောက်​သော​နေ့​၌​ရန်​သူ​တို့​သည် တပ်​လန်​ကြ​ပါ​လိမ့်​မည်။ဘု​ရား​သ​ခင်​သည်​ငါ​၏​ဘက်​တွင်​ရှိ​တော်​မူ ကြောင်း​ကို ငါ​သိ​၏။

10 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော်​များ​ကို ချီး​မွမ်း​ပါ​၏။

11 ငါ​သည်​ကိုယ်​တော်​ကို​ကိုး​စား​သ​ဖြင့် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​မည်​မ​ဟုတ်။လူ​သည်​ငါ့​အား​အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။

12 အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​သစ္စာ​က​တိ ပြု​ခဲ့​သည့်​အ​တိုင်း​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​မည်။

13 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည်ကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​၍အ​ရေး​ရှုံး​နိမ့်​စေ​တော်​မ​မူ​ခဲ့​သော​ကြောင့်​ဖြစ်​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်အ​သက်​ရှင်​သူ​တို့​၏​အ​လင်း​ထဲ​မှာ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​သွား​လာ​ပါ​၏။