ဆာ​လံ 58:1-8 BCL

1 အ​ချင်း​အာ​ဏာ​ပိုင်​တို့၊သင်​တို့​သည်​တ​ရား သ​ဖြင့် ဆုံး​ဖြတ်​မှု​ကို​ပြု​ကြ​သ​လော။လူ​အ​ပေါင်း​တို့​အား​တ​ရား​မျှ​တ​စွာ စီ​ရင်​ကြ​သ​လော။

2 သင်​တို့​ကား​ယင်း​သို့​မ​ပြု၊မိ​မိ​တို့​ပြု​မည့် ဒု​စ​ရိုက်​ကို​သာ​လျှင်​စဉ်း​စား​ကြံ​စည်​လျက်တိုင်း​ပြည်​တွင်​အ​ဋ္ဌမ္မ​အ​ကြမ်း​ဖက်​မှု​ကို ကူး​လွန်​ကြ​၏။

3 ဒု​စ​ရိုက်​သ​မား​တို့​သည်​တစ်​သက်​လုံး​အ​မှား​ကို သာ​လျှင်​ပြု​တတ်​ကြ​၏။သူ​တို့​သည်​မိ​မိ​တို့​မွေး​က​တည်း​က မု​သား​စ​ကား​ကို​ပြော​ဆို​တတ်​ကြ​၏။

4-5 သူ​တို့​သည်​အ​ဆိပ်​ရှိ​သည့်​မြွေ​များ​နှင့်​တူ ကြ​၏။နား​ပင်း​သည့်​မြွေ​ဟောက်​သည်​အ​လမ္ပာယ် ဆ​ရာ​၏အ​သံ​ကို​သော်​လည်း​ကောင်း၊ကျင်​လည်​သောမျက်​လှည့်​ဆ​ရာ​၏​မန္တန်​ကို​သော်​လည်း​ကောင်း မ​ကြား​ရ။သူ​တို့​သည်​နား​ပင်း​သည့်​မြွေ​ဟောက်​နည်း​တူ မိ​မိ​တို့​၏​နား​များ​ကို​ပိတ်​ထား​ကြ​၏။

6 အို ဘု​ရား​သ​ခင်၊ဤ​ရက်​စက်​ကြမ်း​ကြုတ်​သော​ခြင်္သေ့​၏​အ​စွယ် များ​ကို ချိုး​တော်​မူ​ပါ။

7 သူ​တို့​သည်​စီး​ဆင်း​ပျောက်​ကွယ်​သွား​တတ်​သည့် ရေ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။လူ​သွား​လမ်း​ပေါ်​မှ​ပေါင်း​ပင်​များ​ကဲ့​သို့ ကြေ​မွ​သွား​ကြ​ပါ​စေ​သော။

8 သူ​တို့​သည်​အ​ကျိ​အ​ချွဲ​အ​ဖြစ်​သို့​အ​ရည် ပျော်​၍သွား​တတ်​သည့်​ပက်​ကျိ​များ​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။အ​လင်း​ရောင်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မ​မြင်​ရ​သည့် လျှော​မွေး​ကဲ့​သို့​ဖြစ်​ကြ​ပါ​စေ​သော။