ဆာ​လံ 59:13-17 BCL

13 ကိုယ်​တော်​ရှင်​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။အ​ကုန်​အ​စင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အုပ်​စိုး​လျက် နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ကိုယ်​တော်​၏​အာ​ဏာ​စက်​သည်​ကမ္ဘာ​တစ်​ပြင်​လုံး ပျံ့​နှံ့​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်းလူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​လိမ့်​မည်။

14 ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​မြို့​ထဲ​သို့ည​ဦး​ယံ​တွင်​ပြန်​လာ​၍​ခွေး​များ​ကဲ့​သို့ မာန်​ဖီ​ကာ​လှည့်​လည်​ကြ​ပါ​၏။

15 သူ​တို့​သည်​ခွေး​များ​ကဲ့​သို့​လှည့်​လည်​၍ အ​စား​အ​စာ​ရှာ​ဖွေ​ကြ​ပါ​၏။အ​စား​အ​စာ​လုံ​လောက်​စွာ​မ​ရ​ကြ​ပါ​မူ မာန်​ဖီ​ကြ​ပါ​၏။

16 ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော် အ​ကြောင်း​သီ​ချင်း​ဆို​ပါ​မည်။ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကိုနံ​နက်​တိုင်း​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ပါ​မည်။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ရဲ​တိုက်၊ဒုက္ခ​ရောက်​ချိန်​၌​ကျွန်​တော်​မျိုး​ခို​ကိုး​ရာ ဖြစ်​တော်​မူ​ပါ​၏။

17 ကျွန်​တော်​မျိုး​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော် မူ​သော အ​ရှင်၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ကား​ကျွန်​တော်​မျိုး​ကို ချစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ပေ​တည်း။