ဆာ​လံ 59:5-11 BCL

5 အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊နိုး​ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​အား​ကူ​မ​ရန် ကြွ​တော်​မူ​ပါ။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား၊ ကိုယ်​တော်​တိုင် ရှု​ကြည့်​တော်​မူ​ပါ။နိုး​ထ​တော်​မူ​၍​ဘု​ရား​မဲ့​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ဆိုး​ယုတ်​၍​သစ္စာ​ဖောက်​သူ​တို့​အား သ​နား​တော်​မ​မူ​ပါ​နှင့်။

6 သူ​တို့​သည်​မြို့​ထဲ​သို့​ည​ဦး​ယံ​၌ပြန်​လာ​၍​ခွေး​များ​ကဲ့​သို့​မာန်​ဖီ​ကာ​လှည့် လည် သွား​လာ​ကြ​ပါ​၏။

7 သူ​တို့​စော်​ကား​ပြော​ဆို​ခြိမ်း​ခြောက်​သည်​ကို ကြား​တော်​မူ​ပါ။သူ​တို့​၏​လျှာ​သည်​ဋ္ဌား​သ​ဖွယ်​ဖြစ်​ပါ​၏။သို့​သော်​လည်း​သူ​တို့​က``ငါ​တို့​စ​ကား​ကို အ​ဘယ်​သူ ကြား​ပါ​မည်​နည်း'' ဟု​ဆို​ကြ​ပါ​၏။

8 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​သူ​တို့​ကို​ကြည့်​၍ ပြုံး​ရယ်​တော်​မူ​ပါ​၏။ဘု​ရား​မဲ့​သူ​အ​ပေါင်း​တို့​ကို​ပြက်​ရယ်​ပြု တော်​မူ​ပါ​၏။

9 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။

10 ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ချစ်​၍​ငါ့​ထံ​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။ငါ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို ငါ့​အား တွေ့​မြင်​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။

11 အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​သတ်​တော်​မ​မူ​ပါ​နှင့်။သတ်​လျှင်​ကျွန်​တော်​မျိုး​၏​အ​မျိုး​သား​တို့​သည် သ​တိ​မ​ရ​ဘဲ​မေ့​သွား​ပါ​လိမ့်​မည်။ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့်ထို​သူ​တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော် မူ​၍ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ။