ဆာ​လံ 59:7-13 BCL

7 သူ​တို့​စော်​ကား​ပြော​ဆို​ခြိမ်း​ခြောက်​သည်​ကို ကြား​တော်​မူ​ပါ။သူ​တို့​၏​လျှာ​သည်​ဋ္ဌား​သ​ဖွယ်​ဖြစ်​ပါ​၏။သို့​သော်​လည်း​သူ​တို့​က``ငါ​တို့​စ​ကား​ကို အ​ဘယ်​သူ ကြား​ပါ​မည်​နည်း'' ဟု​ဆို​ကြ​ပါ​၏။

8 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​သူ​တို့​ကို​ကြည့်​၍ ပြုံး​ရယ်​တော်​မူ​ပါ​၏။ဘု​ရား​မဲ့​သူ​အ​ပေါင်း​တို့​ကို​ပြက်​ရယ်​ပြု တော်​မူ​ပါ​၏။

9 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။

10 ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ချစ်​၍​ငါ့​ထံ​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။ငါ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို ငါ့​အား တွေ့​မြင်​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။

11 အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​သတ်​တော်​မ​မူ​ပါ​နှင့်။သတ်​လျှင်​ကျွန်​တော်​မျိုး​၏​အ​မျိုး​သား​တို့​သည် သ​တိ​မ​ရ​ဘဲ​မေ့​သွား​ပါ​လိမ့်​မည်။ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့်ထို​သူ​တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော် မူ​၍ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ။

12 သူ​တို့​၏​နှုတ်၊သူ​တို့​ပြော​ဆို​သ​မျှ​သော​စ​ကား အား​ဖြင့် အ​ပြစ်​ကူး​ကြ​ပါ​၏။သူ​တို့​သည်​မိ​မိ​တို့​၏​မာန်​မာ​န​ကျော့​ကွင်း​တွင်​ပင် မိ​ကြ​ပါ​စေ​သော။သူ​တို့​သည်​ကျိန်​ဆဲ​၍​မု​သား​စ​ကား​ကို ပြော​ဆို​တတ်​ကြ​သ​ဖြင့်

13 ကိုယ်​တော်​ရှင်​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။အ​ကုန်​အ​စင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အုပ်​စိုး​လျက် နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ကိုယ်​တော်​၏​အာ​ဏာ​စက်​သည်​ကမ္ဘာ​တစ်​ပြင်​လုံး ပျံ့​နှံ့​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်းလူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​လိမ့်​မည်။