ဆာ​လံ 60:7-12 BCL

7 ဂိ​လဒ်​ပြည်​ကို​ငါ​ပိုင်​၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​၏။ဧ​ဖ​ရိမ်​ပြည်​သည်​ငါ​၏​မ​ကိုဋ်​ဖြစ်​၍ ယု​ဒ​ပြည်​ကား​ငါ​၏​ရာ​ဇ​လှံ​တံ​ဖြစ်​၏။

8 သို့​ရာ​တွင်​ငါ​သည်​မော​ဘ​ပြည်​ကို​ငါ​၏ ခြေ​ဆေး​ခွက်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ဧ​ဒုံ​ပြည်​ကို​ငါ​၏​ဖိ​နပ်​ချွတ်​အ​ဖြစ်​ဖြင့် လည်း​ကောင်း အ​သုံး​ပြု​မည်။ဖိ​လိတ္တိ​ပြည်​သည်​ငါ့​ကို​အ​နိုင်​ရ​၍​အောင်​သံ ဖြင့်ကြွေး​ကြော်​နိုင်​မည်​ဟု​ထင်​မှတ်​သ​လော'' ဟု မိန့်​တော်​မူ​၏။

9 အို ဘု​ရား​သ​ခင်၊ခိုင်​ခံ့​လုံ​ခြုံ​သည့်​မြို့​တွင်း​သို့​အ​ဘယ်​သူ​သည် ကျွန်​တော်​မျိုး​အား​ခေါ်​ဆောင်​သွား​ပါ​မည် နည်း။အ​ဘယ်​သူ​သည်​ကျွန်​တော်​မျိုး​အား​ဧ​ဒုံ​ပြည် သို့ ပို့​ဆောင်​ပါ​မည်​နည်း။

10 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ကယ်​ပင် စွန့်​ပစ်​တော်​မူ​ပါ​ပြီ​လော။ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​ဘဲ​နေ​ပါ​မည်​လော။

11 ရန်​သူ​ကို​တိုက်​ခိုက်​နိုင်​ရန်​ကျွန်​တော်​မျိုး​တို့​အား ကူ​မ​တော်​မူ​ပါ။လူ​သား​တို့​၏​အ​ကူ​အ​ညီ​သည်​အ​ချည်း​နှီး ဖြစ်​ပါ​၏။

12 ငါ​တို့​၏​ဘက်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ​လျှင် ငါ​တို့​သည်​အောင်​မြင်​ကြ​လိမ့်​မည်။ကိုယ်​တော်​သည်​ငါ​တို့​၏​ရန်​သူ​များ​ကို နှိမ်​နင်း​တော်​မူ​လိမ့်​မည်။