ဆာ​လံ 64:1-6 BCL

1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​ကြောက်​လန့်​၍ နေ​ပါ​၏။ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။

2 သူ​ယုတ်​မာ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​များ မှ​လည်း​ကောင်း၊ဆိုး​ညစ်​သူ​လူ​စု​လူ​ဝေး​တို့​၏​ဘေး​မှ​လည်း ကောင်း ကွယ်​ကာ​တော်​မူ​ပါ။

3 သူ​တို့​သည်​မိ​မိ​တို့​၏​လျှာ​ကို​ဋ္ဌား​သ​ဖွယ် သွေး​ကြ​ပါ​၏။သ​နား​ကြင်​နာ​ခြင်း​ကင်း​မဲ့​သော​စ​ကား များ​ဖြစ်​သော မြား​များ​ကို​ချိန်​ရွယ်​ကြ​၏။

4 သူ​တို့​သည်​အ​ရှက်​ကင်း​မဲ့​စွာ​မိ​မိ​တို့​၏ မု​သား​စ​ကား​များ​ကို​လျင်​မြန်​စွာ​ပျံ့​နှံ့​စေ ကြ​၏။သူ​တို့​သည်​စက်​ဆုတ်​ဖွယ်​ကောင်း​သော ဂုံး​ချော​စ​ကား​များ​ပြော​ဆို​ကာသူ​တော်​ကောင်း​တို့​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။

5 သူ​တို့​သည်​ဆိုး​ညစ်​သည့်​အ​မှု​များ​ကို​ကြံ​စည် ရာ​တွင် အ​ချင်း​ချင်း​အား​ပေး​ကြ​၏။သူ​တို့​သည်​ထောင်​ချောက်​များ​ထား​ရန်​နေ​ရာ​ကို တိုင်​ပင်​ပြီး​နောက်``ဤ​ထောင်​ချောက်​များ​ကို​အ​ဘယ်​သူ​မျှ​တွေ့​မြင် နိုင်​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။

6 သူ​တို့​သည်​ဆိုး​ညစ်​သည့်​အ​မှု​များ​ကို​ကြံ​စည် ပြီး​လျှင်``လွန်​စွာ​ပါး​နပ်​လိမ္မာ​သည့်​အ​မှု​ကို​ငါ​တို့​ကြံ​စည်​၍ ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။လူ​၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​ကို​သိ​ရှိ​ရန် လွန်​စွာ​ပင်​ခက်​ခဲ​နက်​နဲ​လှ​ပါ​သည်​တ​ကား။