ဆာ​လံ 65:1-3-8 BCL

1-3 အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​ဆု​တောင်း​ပတ္ထနာ​များ​ကို နား​ညောင်း​တော်​မူ​တတ်​သ​ဖြင့်ကျွန်​တော်​မျိုး​တို့​သည်​ဇိ​အုန်​တောင်​တော် ပေါ်​တွင် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ထိုက်​ပါ​၏။မိ​မိ​တို့​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ဝတ်​ကို​ဖြေ ထိုက်​ပါ​၏။လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက်ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပါ​လိမ့်​မည်။ကျွန်​တော်​မျိုး​တို့​၏​မှား​ယွင်း​ချက်​များ​သည် အ​လွန်​ပင်​များ​သော်​လည်းကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ပါ​၏။

4 ဗိ​မာန်​တော်​၌​နေ​၍​အ​ထံ​တော်​သို့​ချဉ်း​ကပ် စေ​ရန်ကိုယ်​တော်​ရှင်​ရွေး​ချယ်​သော​သူ​များ​သည် မင်္ဂ​လာ​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော်​မှကောင်း​မြတ်​သော​အ​ရာ​များ၊သန့်​ရှင်း​မြင့်​မြတ်​သည့်ဗိ​မာန်​တော်​မှ​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို​ခံ​စား ရ​ရှိ ကြ​သ​ဖြင့်​ရောင့်​ရဲ​ကြ​ပါ​လိမ့်​မည်။

5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​၏။အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​လျက် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ​၏။ကမ္ဘာ​တစ်​ဝန်း​လုံး​နှင့်​ပင်​လယ်​ရပ်​ဝေး​တွင်ရှိ​ကြ​ကုန်​သော​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​အား ကိုး​စား​ကြ​ပါ​၏။

6 ကိုယ်​တော်​ရှင်​သည်​တန်​ခိုး​တော်​အား​ဖြင့်တောင်​များ​ကို​နေ​ရာ​ချ​ထား​တော်​မူ​လျက် တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ပြ​တော်​မူ​ပါ​၏။

7 ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ရေ​မြည်​ဟည်း​သံ​နှင့် လှိုင်း​လုံး​သံ​တို့​ကို​ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​သံ​များ​ကို​လည်း ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။

8 ကိုယ်​တော်​ရှင်​ပြ​တော်​မူ​သောနိ​မိတ်​လက္ခ​ဏာ​များ​ကြောင့်​ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​ရှိ လူ​တို့​သည်​ကြောက်​လန့်​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ​ကြောင့် ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​သို့​တိုင်​အောင်ရွှင်​လန်း​ဝမ်း​မြောက်​သည့်​ကြွေး​ကြော်​သံ​များ ထွက်​ပေါ်​လာ​ပါ​၏။