ဆာ​လံ 7:1-6 BCL

1 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊​ကိုယ်​တော်​၌​ကျွန်​တော်​မျိုး​ခို​လှုံ​ပါ​၏။ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​နေ​သူ​အ​ပေါင်း​တို့​၏​လက်​မှကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

2 ကယ်​ဆယ်​တော်​မ​မူ​ပါ​လျှင်​သူ​တို့​သည်​ခြင်္သေ့​ကဲ့​သို့ကျွန်​တော်​မျိုး​အား​ကယ်​မည့်​သူ​မ​ရှိ​သည့်​အ​ရပ်​သို့​ဆွဲ​ယူ​ကာ​အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ကြ​ပါ​လိမ့်​မည်။

3-4 ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​တစ်​စုံ​တစ်​ယောက်​ကို​ပြစ်​မှား​မိ​ခဲ့​လျှင်​သော်​လည်း​ကောင်း၊မိတ်​ဆွေ​ကို​သစ္စာ​ဖောက်​ခဲ့​လျှင်​သော်​လည်း​ကောင်း၊ရန်​သူ​ကို​အ​ကြောင်း​မဲ့​အ​ကျိုး​နည်း​စေ​ခဲ့​လျှင်​သော်​လည်း​ကောင်း

5 ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​လိုက်​၍​မီ​ကာ​သတ်​ဖြတ်​နိုင်​လျက်ကျွန်​တော်​မျိုး​ကို​မြေ​ပေါ်​တွင်​ပစ်​ထား​ကြ​ပါ​စေ။

6 အို ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်​၍​ထ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု​သူ​တို့​၏​ဒေါ​သ​ကို​ဆီး​တား​တော်​မူ​ပါ။နိုး​ထ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။တ​ရား​မျှ​တ​မှု​ကို​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​သည်​ဖြစ်​၍