ဆာ​လံ 7:7-13 BCL

7 လူ​အ​ပေါင်း​တို့​ကို​ကိုယ်​တော်​ရှင်​၏​ပတ်​လည်​တွင်​စု​ရုံး​စေ​တော်​မူ​ပြီး​နောက်အ​ထက်​အ​ရပ်​မှ​သူ​တို့​အား​အုပ်​စိုး​တော်​မူ​ပါ။

8 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​လူ​အ​ပေါင်း​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ကျွန်​တော်​မျိုး​အ​ပြစ်​ကင်း​သည်​ကို​ထောက်​ထား​၍ကျွန်​တော်​မျိုး​အား​မျက်​နှာ​သာ​ပေး​၍​တ​ရား​စီ​ရင်​တော်​မူ​ပါ။

9 ကိုယ်​တော်​ရှင်​သည်​ဖြောင့်​မတ်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။လူ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင်​ဆန္ဒ​များ​ကို​လည်း​စစ်​ဆေး​တော်​မူ​ပါ​၏။သူ​ယုတ်​မာ​တို့​၏​ဆိုး​ညစ်​မှု​ကို​ဆီး​တား​တော်​မူ​လျက်၊သူ​တော်​ကောင်း​တို့​အား​ကောင်း​ကျိုး​ကို​ပေး​သ​နား​တော်​မူ​ပါ။

10 ဘု​ရား​သ​ခင်​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​သည်​မိ​မိ​စ​ကား​ကို​နား​ထောင်​သူ​တို့​အား​ကယ်​တော်​မူ​၏။

11 ဘု​ရား​သ​ခင်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၍သူ​ယုတ်​မာ​တို့​အား​အ​စဉ်​အ​ပြစ်​ဒဏ်​ချ​မှတ်​တော်​မူ​၏။

12 အ​ကယ်​၍​လူ​တို့​သည်​နောင်​တ​မ​ရ​ကြ​ပါ​မူဘု​ရား​သ​ခင်​သည်​ဋ္ဌား​တော်​ကို​သွေး​တော်​မူ​၍ လေး​တော်​ကို​အ​ဆင်​သင့်​တင်​တော်​မူ​လိမ့်​မည်။

13 သေ​စေ​တတ်​သော​လက်​နက်​များ​ကို​ကိုင်​ဆောင်​တော်​မူ​၍မီး​လျှံ​ထ​သည့်​မြား​တော်​ကို​ချိန်​ရွယ်​တော်​မူ​၏။