ဆာ​လံ 72:12-18 BCL

12 မင်း​ကြီး​သည်​မိ​မိ​အား​ဟစ်​ခေါ်​ကြ​သည့် ဆင်း​ရဲ​သူ​တို့​အား​လည်း​ကောင်း၊ချို့​တဲ့​နွမ်း​ပါး​၍​ခို​ကိုး​ရာ​မဲ့​သူ​တို့ အား​လည်း​ကောင်း​ကယ်​ဆယ်​တော်​မူ​၏။

13 ချို့​တဲ့​ဆင်း​ရဲ​သူ​တို့​ကို​သ​နား​တော်​မူ​၍ သူ​တို့​၏ အ​သက်​ကို​ကယ်​တော်​မူ​၏။

14 သူ​တို့​၏​အ​သက်​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် အ​ဖိုး​ထိုက်​သည်​အ​လျောက်​ဖိ​စီး​နှိပ်​စက်​မှု​နှင့်အ​ကြမ်း​ဖက်​မှု​များ​မှ​သူ​တို့​ကို​ကယ်​ဆယ် တော်​မူ​၏။

15 မင်း​ကြီး​သည်​သက်​တော်​ရှည်​ပါ​စေ​သော။အာ​ရေ​ဗျ​ပြည်​မှ​ရွှေ​များ​ကို​လက်​ဆောင်​ပဏ္ဏာ အ​ဖြစ်​ရ​ရှိ​ပါ​စေ​သော။လူ​တို့​သည်​မင်း​ကြီး​၏​အ​တွက်​အ​စဉ်​ဆု​တောင်း ပတ္ထ​နာ​များ​ပြု​ကြ​ပါ​စေ​သော။ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​အ​စဉ်​အ​မြဲ ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

16 တိုင်း​ပြည်​အ​တွင်း​၌​စား​နပ်​ရိက္ခာ​ပေါ​များ​ပါ စေ​သော။လေ​ဗ​နုန်​တောင်​တွင်​သစ်​တော​များ​ဖြင့် ဖုံး​အုပ်​လျက်​ရှိ​သ​ကဲ့​သို့တောင်​ကုန်း​များ​သည်​ကောက်​ပဲ​သီး​နှံ​များ ဖြင့် ဖုံး​အုပ်​လျက်​ရှိ​ပါ​စေ​သော။မြို့​ကြီး​များ​ရှိ​လူ​ဦး​ရေ​သည်​ကွင်း​ပြင်​ရှိ မြက်​ကဲ့​သို့​ထူ​ထပ်​ပေါ​များ​ပါ​စေ​သော။

17 မင်း​ကြီး​၏​နာ​မ​တော်​သည်​တည်​မြဲ​ပါ စေ​သော။ဂုဏ်​သ​တင်း​တော်​သည်​နေ​ကဲ့​သို့​အ​စဉ်​အ​မြဲ တည်​နေ​ပါ​စေ​သော။ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​အား​ကောင်း​ချီး ပေး​တော်​မူ သ​ကဲ့​သို့​လူ​မျိုး​တ​ကာ​တို့​သည်မိ​မိ​တို့​အား​လည်း​ကောင်း၊ကောင်း​ချီး​ပေး​တော် မူ​ရန် ဘု​ရား​သ​ခင်​ထံ​တောင်း​လျှောက်​ကြ​ပါ​စေ​သော။

18 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​တည်း ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​သာ​လျှင်​ဤ​သို့​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​တို့​ကို​ပြု​တော်​မူ​၏။