ဆာ​လံ 72:1-2-6 BCL

1-2 အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​နှင့်​အ​ညီ စီ​ရင်​ဆုံး​ဖြတ် နိုင်​ရန်​မင်း​ကြီး​အား​သွန်​သင်​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​တ​ရား​မျှ​တ​စွာ အုပ်​ချုပ်​နိုင်​စေ​ရန်​လည်း​ကောင်း၊ဆင်း​ရဲ​သော​သူ​တို့​ကို​တ​ရား​တော်​နှင့်​အ​ညီ အုပ်​စိုး​နိုင်​စေ​ရန်​လည်း​ကောင်းကိုယ်​တော်​ရှင်​၏​တ​ရား​မျှ​တ​မှု​အ​တိုင်း စီ​ရင်​နိုင်​ခွင့်​ကို​မင်း​ကြီး​အား​ပေး​တော် မူ​ပါ။

3 တိုင်း​ပြည်​တွင်​သာ​ယာ​ဝ​ပြော​၍​တ​ရား မျှ​တ​မှု စိုး​မိုး​ခြင်း​ရှိ​ပါ​စေ​သော။

4 မင်း​ကြီး​သည်​ဆင်း​ရဲ​သူ​တို့​အား​မျှ​တ​စွာ တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ပါ​စေ​သော။ချို့​တဲ့​နွမ်း​ပါး​သူ​တို့​အား​ကူ​မ​တော်​မူ​ပါ စေ​သော။ဖိ​စီး​နှိပ်​စက်​သူ​တို့​အား​နှိမ်​နင်း​တော်​မူ​ပါ စေ​သော။

5 နေ​သည်​ထွန်း​လင်း​လျက်၊လ​သည်​အ​လင်း​ရောင် ပေး​လျက်​နေ​သ​မျှ​ကာ​လ​ပတ်​လုံးကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်ကိုယ်​တော်​ရှင်​အား​ကာ​လ​အ​စဉ်​အ​ဆက် ကြောက်​ရွံ့​ရို​သေ​ကြ​ပါ​စေ​သော။

6 မင်း​ကြီး​သည်​လယ်​ယာ​များ​အ​ပေါ်​သို့ ရွာ​ချ​သည့် မိုး​ကဲ့​သို့​လည်း​ကောင်း၊မြေ​ပြင်​ပေါ်​သို့​ကျ​ရောက်​လာ​သည့်​မိုး​ပေါက် များ ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ပါ​စေ​သော။