1 ဘုရားသခင်သည်စိတ်နှလုံးဖြူစင်သန့်ရှင်း သူများဖြစ်သည့်ဣသရေလအမျိုးသားတို့အား အမှန်ပင် ကျေးဇူးပြုတော်မူ၏။
2-3 သို့ရာတွင်သူယုတ်မာတို့ကောင်းစားသည်ကို မြင်ရသောအခါမောက်မာသူတို့ကိုမရှုလိုစိတ်ရှိသဖြင့်ငါ သည် ခလုတ်တိုက်၍လဲလုပါပြီ။ငါ၏ခြေတို့သည်လည်းတိမ်းချော်လုပြီ။
4 ထိုသူတို့သည်ဝေဒနာမခံစားရကြ။ ကျန်းမာသန်စွမ်းသူများဖြစ်ကြ၏။
5 သူတို့သည်အခြားသူများကဲ့သို့ဝေဒနာ မခံရကြ။ အခြားသူများကဲ့သို့ဒုက္ခမရောက်ရကြ။