ဆာ​လံ 73:2-3-9 BCL

2-3 သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​ကောင်း​စား​သည်​ကို မြင်​ရ​သော​အ​ခါမောက်​မာ​သူ​တို့​ကို​မ​ရှု​လို​စိတ်​ရှိ​သ​ဖြင့်​ငါ သည် ခ​လုတ်​တိုက်​၍​လဲ​လု​ပါ​ပြီ။ငါ​၏​ခြေ​တို့​သည်​လည်း​တိမ်း​ချော်​လု​ပြီ။

4 ထို​သူ​တို့​သည်​ဝေ​ဒ​နာ​မ​ခံ​စား​ရ​ကြ။ ကျန်း​မာ​သန်​စွမ်း​သူ​များ​ဖြစ်​ကြ​၏။

5 သူ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့​ဝေ​ဒ​နာ မ​ခံ​ရ​ကြ။ အ​ခြား​သူ​များ​ကဲ့​သို့​ဒုက္ခ​မ​ရောက်​ရ​ကြ။

6 သို့​ဖြစ်​၍​သူ​တို့​သည်​မာန်​မာ​န​ကို​လည်​ဆွဲ တန်​ဆာ​ကဲ့​သို့​လည်း​ကောင်း၊အ​ကြမ်း​ဖက်​မှု​ကို​ဝတ်​လုံ​ကဲ့​သို့​လည်း ကောင်း ဝတ်​ဆင်​ကြ​၏။

7 သူ​တို့​၏​စိတ်​နှ​လုံး​မှ​မ​ကောင်း​မှု​များ​ကို ထုတ်​ဖော်​၍သူ​တို့​၏​စိတ်​သည်​ယုတ်​မာ​သည့်​အ​ကြံ​အ​စည် များ​ကို​တွေး​တော​လျက်​နေ​ကြ​၏။

8 သူ​တို့​သည်​သူ​တစ်​ပါး​တို့​အား​ပြက်​ရယ် ပြု​ကာ ညစ်​ညမ်း​သည့်​အ​ရာ​များ​ကို​ပြော​ဆို​ကြ​၏။မောက်​မာ​လျက်​သူ​တစ်​ပါး​တို့​အား​နှိပ်​စက် ညှဉ်း​ဆဲ​ရန်​ကြံ​စည်​ကြ​၏။

9 သူ​တို့​သည်​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော ဘု​ရား သ​ခင်​အား​စော်​ကား​သည့်​စ​ကား​ကို​ပြော​ဆို​လျက်၊ကမ္ဘာ​ပေါ်​ရှိ​လူ​တို့​အား​မောက်​မာ​စွာ​အ​မိန့်​ပေး ကြ​၏။