ဆာ​လံ 74:1-4 BCL

1 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်ကျွန်​တော်​မျိုး​တို့​အား​ဤ​သို့​စွန့်​ပစ်​၍ ထား​တော်​မူ​ပါ​သ​နည်း။ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​စဉ်​အ​မြဲ အ​မျက်​ထွက်​၍​နေ​တော်​မူ​ပါ​မည်​လော။

2 ရှေး​အ​ခါ​က​ရွေး​ကောက်​တော်​မူ​ခဲ့​သည့် လူ​စု​တော်၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်ကျွန်​ဘ​ဝ​မှ​ရွေး​နုတ်​ဝယ်​ယူ​တော်​မူ​ခဲ့​သည့် လူ​စု​တော်​ကို​သ​တိ​ရ​တော်​မူ​ပါ။ယ​ခင်​က​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ခဲ့​ရာ ဇိ​အုန်​တောင်​ကို​သ​တိ​ရ​တော်​မူ​ပါ။

3 ကျွန်​တော်​မျိုး​တို့​၏​ရန်​သူ​များ​သည်ဗိ​မာန်​တော်​အ​တွင်း​မှ​ရှိ​သ​မျှ​သော​အ​ရာ တို့​ကို ဖျက်​ဆီး​ပစ်​ကြ​ပါ​ပြီ။ကိုယ်​တော်​ရှင်​သည်​ကြွ​လာ​တော်​မူ​၍​လုံး​ဝ ပျက်​စီး​နေ​သည့်​အ​ရာ​များ​ကို​ကြည့်​ရှု​တော် မူ​ပါ။

4 ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ဗိ​မာန်​တော်​ထဲ​၌ အောင်​သံ​ကြွေး​ကြော်​ကြ​ပါ​ပြီ။ဗိ​မာန်​တော်​တွင်​အောင်​လံ​များ​ကို​စိုက်​ထူ​ကြ ပါ​ပြီ။