1 အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
2 ရှေးအခါကရွေးကောက်တော်မူခဲ့သည့် လူစုတော်၊ ကိုယ်တော်ရှင်၏လူစုတော်အဖြစ်ဖြင့်ကျွန်ဘဝမှရွေးနုတ်ဝယ်ယူတော်မူခဲ့သည့် လူစုတော်ကိုသတိရတော်မူပါ။ယခင်ကကိုယ်တော်ရှင်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကိုသတိရတော်မူပါ။
3 ကျွန်တော်မျိုးတို့၏ရန်သူများသည်ဗိမာန်တော်အတွင်းမှရှိသမျှသောအရာ တို့ကို ဖျက်ဆီးပစ်ကြပါပြီ။ကိုယ်တော်ရှင်သည်ကြွလာတော်မူ၍လုံးဝ ပျက်စီးနေသည့်အရာများကိုကြည့်ရှုတော် မူပါ။
4 ကိုယ်တော်ရှင်၏ရန်သူတို့သည်ဗိမာန်တော်ထဲ၌ အောင်သံကြွေးကြော်ကြပါပြီ။ဗိမာန်တော်တွင်အောင်လံများကိုစိုက်ထူကြ ပါပြီ။
5 သစ်ခုတ်သမားများသည်ပုဆိန်ဖြင့်သစ်ပင်များကို ခုတ်လှဲသကဲ့သို့