ဆာ​လံ 75:7-10 BCL

7 တ​ရား​စီ​ရင်​တော်​မူ​သော​အ​ရှင်​ကား​ဘု​ရား​သ​ခင်​ပင်ဖြစ်​ပေ​သည်။ကိုယ်​တော်​သည်​အ​ချို့​သော​သူ​တို့​ကို​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်အ​ချို့​တို့​ကို​လွတ်​ငြိမ်း​ချမ်း​သာ​စေ​တော်​မူ​၏။

8 ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​တည်း​ဟူ​သော အ​လွန်​ပြင်း​သည့်​စ​ပျစ်​ရည်​ထည့်​ထား​သောခွက်​ဖ​လား​ကို​လက်​တော်​တွင်​ကိုင်​ထား​တော်​မူ​၏။ထို​စ​ပျစ်​ရည်​ကို​ကိုယ်​တော်​လောင်း​ချ တော်​မူ​သော​အ​ခါသူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်​သောက်​ကြ​ကုန်​၏။သူ​တို့​သည်​တစ်​စက်​မျှ​မ​ကျန်​အောင်​သောက် ကြ​ကုန်​၏။

9 သို့​ရာ​တွင်​ငါ​မူ​ကား​ယာ​ကုပ်​၏ဘု​ရား​အ​ကြောင်း​တော်​ကို​အ​စဉ်​မ​ပြတ် ပြော​ကြား​ပါ​မည်။ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​မည်။

10 ကိုယ်​တော်​သည်​သူ​ယုတ်​မာ​တို့​၏​တန်​ခိုး အာ​ဏာ​ကို ချိုး​နှိမ်​တော်​မူ​မည်။သူ​တော်​ကောင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​မူ​ကား တိုး​တက်​စေ​တော်​မူ​လိမ့်​မည်။