ဆာ​လံ 76:2-8-9 BCL

2 ကိုယ်​တော်​၏​အိမ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​ပေ​သည်။ကိုယ်​တော်​သည်​ဇိ​အုန်​တောင်​ပေါ်​တွင် ကိန်း​ဝပ်​တော်​မူ​၏။

3 ထို​အ​ရပ်​တွင်​ကိုယ်​တော်​သည်​ရန်​သူ​တို့​၏မြား၊ဒိုင်း​လွှား၊ဋ္ဌား​နှင့်​လက်​နက်​ရှိ​သ​မျှ​တို့​ကို ချိုး​ဖျက်​တော်​မူ​၏။

4 အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​သည်​လွန်​စွာ​ဘုန်း​တန်​ခိုး​ကြီး ပါ​သည်​တ​ကား။ရန်​သူ​တို့​ကို​နှိမ်​နင်း​ရာ​တောင်​ရိုး​များ​မှကိုယ်​တော်​ပြန်​လည်​ကြွ​လာ​တော်​မူ​သည်​မှာ ဂုဏ်​ကျက်​သ​ရေ​ရှိ​လှ​ပါ​သည်​တ​ကား။

5 ရန်​သူ​တို့​၏​ရဲ​ရင့်​သည့်​စစ်​သည်​များ​သည် မိ​မိ​တို့​၌​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​များ​ကိုဆုံး​ရှုံး​ရ​ကြ​လျက်​ယ​ခု​အ​ခါ သေ​ဆုံး​ကြ​လေ​ကုန်​ပြီ။သူ​တို့​၏​စွမ်း​အား​နှင့်​ကျွမ်း​ကျင်​မှု​တို့​သည် အ​ချည်း​နှီး​သာ​ဖြစ်​ခဲ့​သည်။

6 အို ယာ​ကုပ်​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​ခြိမ်း​ခြောက်​တော်​မူ​လိုက်​သော အ​ခါ၊မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​တို့​သည်​လဲ​ကျ သေ​ဆုံး​ကြ​ပါ​၏။

7 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​အား​လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါအ​ဘယ်​သူ​သည်​ရှေ့​တော်​တွင် ရပ်​တည်​နိုင်​ပါ​မည်​နည်း။

8-9 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​စီ​ရင်​ချက်​ကို ကောင်း​ကင်​ဘုံ​မှ​ကြေ​ညာ​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​ပေါ်​ရှိ​ဖိ​နှိပ်​ညှဉ်း​ပန်း ခြင်း ခံ​ရ​ကြ​သူ​တို့​အား​ကယ်​တော်​မူ​ရန်​အ​တွက်ထ​၍​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​သော​အ​ခါ၊ ကမ္ဘာ​သည် ကြောက်​လန့်​၍​ဆိတ်​ဆိတ်​နေ​ကြ​ပါ​၏။