ဆာ​လံ 77:12-18 BCL

12 ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို စဉ်း​စား​ပါ​မည်။ကိုယ်​တော်​ရှင်​၏​ကြီး​မြတ်​သည့်​အ​မှု​တော်​တို့​ကို ဆင်​ခြင်​ပါ​မည်။

13 အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​တို့​သည် မြင့်​မြတ်​ပါ​၏။ကိုယ်​တော်​ရှင်​ကဲ့​သို့​အ​ဘယ်​ဘု​ရား​မျှ​မ​ကြီး မြတ်​ပါ။

14 ကိုယ်​တော်​ရှင်​သည်​ထူး​ဆန်း​သောနိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော ဘု​ရား​ဖြစ်​ပါ​၏။ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ဘုန်း​တန်​ခိုး​တော် တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြ​တော်​မူ​ခဲ့​ပါ​၏။

15 ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​တည်း​ဟူ​သောယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မျိုး​အ​နွယ်​များ​ကို တန်​ခိုး​တော်​အား​ဖြင့်​ကယ်​တော်​မူ​ပါ​၏။

16 အို ဘု​ရား​သ​ခင်၊ရေ​တို့​သည်​ကိုယ်​တော်​ရှင်​ကို​မြင်​သော​အ​ခါ ကြောက်​ရွံ့​ကြ​ပါ​၏။ပင်​လယ်​ရေ​နက်​ရာ​အ​ရပ်​တို့​သည်​လည်း တုန်​လှုပ်​ကြ​ပါ​၏။

17 မိုး​တိမ်​တို့​သည်​မိုး​ကို​ရွာ​သွန်း​ပေး​ပါ​၏။ ကောင်း​ကင်​ပြင်​တွင်​မိုး​ကြိုး​ပစ်​လျက်အ​ရပ်​လေး​မျက်​နှာ​တွင်​လျှပ်​စစ်​များ​လက်​ပါ​၏။

18 ကိုယ်​တော်​ရှင်​၏​မိုး​ကြိုး​သံ​သည်​မြည်​ဟည်း ထွက်​ပေါ်​လာ​လျက်လျှပ်​ပန်း​လျှပ်​နွယ်​တို့​သည်​လည်း​ကမ္ဘာ တစ်​ဝန်း​လုံး​ကို​လင်း​စေ​ပါ​၏။မြေ​ကြီး​သည်​ထိတ်​လန့်​တုန်​လှုပ်​ပါ​၏။