ဆာ​လံ 77:4-10 BCL

4 ကိုယ်​တော်​သည်​ငါ့​အား​တစ်​ည​လုံး​အိပ်​ပျော်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ။ငါ​သည်​ပူ​ပင်​သော​က​ရောက်​ရ​လွန်း​သ​ဖြင့် စ​ကား​ပင်​မ​ပြော​နိုင်​ပါ။

5 ငါ​သည်​ကုန်​လွန်​သွား​သည့်​နေ့​ရက်​များ​အ​ကြောင်း ကိုစဉ်း​စား​၍​လွန်​လေ​ပြီး​သည့်​နှစ်​များ​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။

6 တစ်​ည​လုံး​ငါ​သည်​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​စဉ်၊

7 ဤ​သို့​မိ​မိ​ကိုယ်​ကို​မေး​၏။``ဘု​ရား​ရှင်​သည်​ငါ​တို့​ကို​အ​စဉ်​အ​မြဲ စွန့်​ပစ်​တော်​မူ​မည်​လော။ကိုယ်​တော်​သည်​ငါ​တို့​အား​အ​ဘယ်​အ​ခါ​၌​မှ ပြန်​၍​နှစ်​သက်​တော်​မ​မူ​တော့​ပြီ​လော။

8 ကိုယ်​တော်​သည်​ငါ​တို့​ကို​ချစ်​တော်​မ​မူ​တော့ ပြီ​လော။ က​တိ​တော်​သည်​လည်း​ပျက်​လေ​ပြီ​လော။

9 ဘု​ရား​သ​ခင်​သည်​သ​နား​ကြင်​နာ​ရန် မေ့​လျော့​တော်​မူ​ပြီ​လော။က​ရု​ဏာ​တော်​အ​စား​အ​မျက်​တော်​ကို ပြ​တော်​မူ​ပြီ​လော။''

10 ထို့​နောက်``ဘု​ရား​သ​ခင်​၌​တန်​ခိုး​မ​ရှိ​တော့ သ​ဖြင့်ငါ့​အ​တွက်​အ​နာ​ကြည်း​ဆုံး​ဖြစ်​သည်'' ဟု ငါ​ပြော​ဆို​နေ​မိ​၏။