ဆာ​လံ 78:14-20 BCL

14 နေ့​အ​ချိန်​၌​ကိုယ်​တော်​သည်​မိုး​တိမ်​တိုက် အား​ဖြင့်​လည်း​ကောင်း၊တစ်​ည​ပတ်​လုံး​မီး​အ​လင်း​ရောင်အား​ဖြင့်​လည်း​ကောင်း​သူ​တို့​အား​လမ်း​ပြ ပို့​ဆောင်​တော်​မူ​၏။

15 ကိုယ်​တော်​သည်​တော​ကန္တာ​ရ​တွင်ကျောက်​ဆောင်​ကို​ခွဲ​၍​နက်​ရှိုင်း​ရာ​မှ​ရေ​ကို ထို​သူ​တို့​အား​တိုက်​တော်​မူ​၏။

16 ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှစမ်း​ရေ​ထွက်​စေ​လျက်​မြစ်​သ​ဖွယ် စီး​ဆင်း​စေ​တော်​မူ​၏။

17 သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ပြစ်​မှား​မြဲ​ပြစ်​မှား​လျက်အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​အ​ရှင်​ကို သဲ​ကန္တာ​ရ​တွင်​ပုန်​ကန်​ကြ​၏။

18 သူ​တို့​သည်​စား​လို​သည့်​အ​စား​အ​စာ​ကိုတောင်း​ဆို​ခြင်း​အား​ဖြင့်​တ​မင်​သက်​သက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။

19 ``ဘု​ရား​သ​ခင်​သည်​တော​ကန္တာ​ရ​တွင်​ငါ​တို့​အား အ​စား​အ​စာ​ကို​ပေး​နိုင်​ပါ​မည်​လော။

20 ကျောက်​ဆောင်​ကို​ကိုယ်​တော်​ရိုက်​လိုက်​သော အ​ခါအ​ရှိန်​ပြင်း​သည့်​ချောင်း​သ​ဖွယ်​ရေ​ထွက်​လာ သည်​မှာ မှန်​ပါ​၏။သို့​ရာ​တွင်​ကိုယ်​တော်​သည်​ငါ​တို့​အား​အ​စား​အ​စာ​ကို ကျွေး​နိုင်​ပါ​မည်​လော။မိ​မိ​၏​လူ​စု​တော်​အား​အ​မဲ​သား​ကို​ပေး​နိုင် ပါ​မည်​လော'' ဟု​ဆို​၍ဘု​ရား​သ​ခင်​အား​မ​ကျေ​နပ်​သည့်​စ​ကား​ကို ပြော​ဆို​ကြ​၏။