ဆာ​လံ 78:24-30 BCL

24 ကိုယ်​တော်​သည်​သူ​တို့​စား​ရန်​မန္န​မုန့်​မိုး​ရွာ​စေ တော်​မူ​၏။သူ​တို့​စား​သုံး​ရန်​ကောင်း​ကင်​မှ​ဆန်​စ​ပါး​ကို ချ​ပေး​တော်​မူ​၏။

25 ထို့​ကြောင့်​သူ​တို့​သည်​ကောင်း​ကင်​တ​မန်​တို့​၏ အ​စား​အ​စာ​ကို​စား​ကြ​ရ​၏။ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ဝ​ကျွေး​တော်​မူ​၏။

26 ထို့​အ​ပြင်​ကိုယ်​တော်​သည်အ​ရှေ့​လေ​ကို​တိုက်​စေ​ပြီး​နောက်​တန်​ခိုး​တော်​အား​ဖြင့် တောင်​လေ​ကို​လှုပ်​ရှား​စေ​တော်​မူ​၏။

27 ထို​နောက်​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​သော​ငှက်​တို့​ကိုမိ​မိ​၏​လူ​စု​တော်​အား​ချ​ပေး​တော်​မူ​၏။

28 ယင်း​ငှက်​တို့​သည်​တပ်​စ​ခန်း​အ​လယ်​တဲ​ရှင်​များ ပတ်​လည်​တွင်​ကျ​ကြ​၏။

29 သို့​ဖြစ်​၍​လူ​တို့​သည်​ကျေ​နပ်​အောင်​စား​ရ​ကြ​၏။ဘု​ရား​သ​ခင်​သည်​လည်း​သူ​တို့​စား​လို​သော အ​စား​အ​စာ​ကို​ကျွေး​တော်​မူ​၏။

30 သို့​ရာ​တွင်​သူ​တို့​သည်​ရောင့်​ရဲ​မှု​မ​ရ​နိုင်။