ဆာ​လံ 78:28-34 BCL

28 ယင်း​ငှက်​တို့​သည်​တပ်​စ​ခန်း​အ​လယ်​တဲ​ရှင်​များ ပတ်​လည်​တွင်​ကျ​ကြ​၏။

29 သို့​ဖြစ်​၍​လူ​တို့​သည်​ကျေ​နပ်​အောင်​စား​ရ​ကြ​၏။ဘု​ရား​သ​ခင်​သည်​လည်း​သူ​တို့​စား​လို​သော အ​စား​အ​စာ​ကို​ကျွေး​တော်​မူ​၏။

30 သို့​ရာ​တွင်​သူ​တို့​သည်​ရောင့်​ရဲ​မှု​မ​ရ​နိုင်။

31 ဘု​ရား​သ​ခင်​သည်​သူ​တို့​အားအ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​အ​သန်​စွမ်း​ဆုံးလက်​ရွေး​စင်​ဣ​သ​ရေ​လ​လူ​ငယ်​လူ​ရွယ် များ​ကို သေ​ဒဏ်​သင့်​စေ​တော်​မူ​၏။

32 ဤ​အ​ဖြစ်​အ​ပျက်​အ​ပေါင်း​နှင့်​တွေ့​ကြုံ​ရ​သော်​လည်း လူ​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး​လျက်​နေ​ကြ​၏။ကိုယ်​တော်​သည်​ထူး​ဆန်း​သောနိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​သော်​လည်း သူ​တို့​သည်​ကိုယ်​တော်​ကို​မ​ကိုး​စား​ကြ။

33 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အားထွက်​သက်​ဝင်​သက်​တ​မျှ​တစ်​ခ​ဏ​ချင်း​၌ အ​သက်​ဆုံး​ရှုံး​စေ​တော်​မူ​၏။သူ​တို့​၏​ဘ​ဝ​ကို​ရုတ်​တ​ရက်​ကျ​ရောက်​သည့် ဘေး​အန္တ​ရာယ်​ကြောင့်​နိ​ဂုံး​ချုပ်​စေ​တော်​မူ​၏။

34 သို့​ရာ​တွင်​ထို​သူ​အ​ချို့​တို့​ကို​ကိုယ်​တော် သေ​စေ​တော်​မူ​သော်​လည်းကြွင်း​ကျန်​သော​သူ​တို့​မူ​ကား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​၏။သူ​တို့​သည်​နောင်​တ​ရ​လျက်​စိတ်​အား​ထက် သန်​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​ကုန်​၏။