ဆာ​လံ 78:37-44 BCL

37 သူ​တို့​သည်​ကိုယ်​တော်​အား​သစ္စာ​မ​စောင့်​ကြ။ကိုယ်​တော်​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို​လည်း မ​စောင့်​မ​ထိန်း။

38 သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​အား က​ရု​ဏာ​ထား​တော်​မူ​၏။သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​အား​ဆုံး​ပါး​ပျက်​စီး​စေ​တော်​မ​မူ။ကိုယ်​တော်​သည်​ကြိမ်​ဖန်​များ​စွာ​မိ​မိ​၏​ဒေါ​သ​ကို ချုပ်​တည်း​တော်​မူ​၍သူ​တို့​ပေါ်​တွင်​အ​မျက်​မ​ထွက်​ဘဲ​နေ​တော် မူ​၏။

39 ထို​သူ​တို့​ကား​လူ​သား​များ​သာ​ဖြစ်​ကြောင်း၊ အ​နီး​မှ​ဖြတ်​၍​တိုက်​ကာပျောက်​ကွယ်​သွား​တတ်​သော​လေ​ကဲ့​သို့ ဖြစ်​ကြောင်း​ကို​သ​တိ​ရ​တော်​မူ​၏။

40 သူ​တို့​သည်​တော​ကန္တာ​ရ​တွင်​ကြိမ်​ဖန်​များ​စွာ ကိုယ်​တော်​အား​ပုန်​ကန်​ခဲ့​ကြ​၏။ကြိမ်​ဖန်​များ​စွာ​ကိုယ်​တော်​အား​စိတ်​မ​ချမ်း​မ​သာ ဖြစ်​စေ​ခဲ့​ကြ​ပါ​သည်​တ​ကား။

41 သူ​တို့​သည်​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​အားသွေး​စမ်း​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သောဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​၏။

42-43 သူ​တို့​သည်​ကိုယ်​တော်​၌​မ​ဟာ​တန်​ခိုး​တော် ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်းမိ​မိ​တို့​အား​ရန်​သူ​တို့​လက်​မှကိုယ်​တော်​ကယ်​တော်​မူ​ခဲ့​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊အီ​ဂျစ်​ပြည်​ဇော​န​လွင်​ပြင်​တွင်​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့်ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ တော်​မူ ခဲ့​ကြောင်း​ကို​လည်း​ကောင်း​သ​တိ​မ​ရ​ကြ။

44 အီ​ဂျစ်​ပြည်​သူ​ပြည်​သား​တို့​မ​သောက်​မ​သုံး နိုင်​ကြ​စေ​ရန်ချောင်း​များ​မြစ်​များ​မှ​ရေ​တို့​ကို​ကိုယ်​တော် သည် သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​တော်​မူ​၏။