ဆာ​လံ 79:7-13 BCL

7 ထို​သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ကို သတ်​ဖြတ်​ကြ​ပါ​ပြီ။ပြည်​တော်​ကို​လည်း​ယို​ယွင်း​ပျက်​စီး​စေ​ကြ​ပါ​ပြီ။

8 ဘိုး​ဘေး​တို့​၏​အ​ပြစ်​များ​အ​တွက်ကျွန်​တော်​မျိုး​တို့​အား​ဒဏ်​ခတ်​တော်​မ​မူ​ပါ​နှင့်။ယ​ခု​ကျွန်​တော်​မျိုး​တို့​ကို​သ​နား​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​သည်​မျှော်​လင့်​ရာ​မဲ့​လျက် ရှိ​ကြ​ပါ​၏။

9 အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​ကို​ကူ​မ​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​ကို​ကယ်​ဆယ်​တော်​မူ​၍ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပါ။

10 ``သင်​တို့​၏​ဘု​ရား​သည်​အ​ဘယ်​မှာ​နည်း'' ဟုလူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့် မေး​ရ​ကြ​ပါ​မည်​နည်း။ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​၏​သွေး​ကို​သွန်​သည့် လူ​မျိုး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​သည်​ကိုကျွန်​တော်​မျိုး​တို့​မြင်​ရ​ကြ​ပါ​စေ​သော။

11 အ​ကျဉ်း​သား​တို့​၏​ညည်း​ညူ​သံ​များ​ကို နား​ထောင်​တော်​မူ​၍​သေ​ဒဏ်​သင့်​သူ​တို့​အားကိုယ်​တော်​ရှင်​၏​မ​ဟာ​တန်​ခိုး​တော်​ဖြင့် လွတ်​မြောက်​စေ​တော်​မူ​ပါ။

12 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​စော်​ကား​ပြော​ဆို ကြ​သည့်တိုင်း​နိုင်​ငံ​တို့​သည်​ခု​နစ်​ဆ​မျှ​ပို​၍ အ​စော်​ကား​ခံ​စေ​တော်​မူ​ပါ။

13 ထို​အ​ခါ​သိုး​စု​တော်​တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သည့်​ကျွန်​တော်​မျိုး​တို့​သည်ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး​မွမ်း​ကြ ပါ​မည်။သား​စဉ်​မြေး​ဆက်​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ပါ​မည်။