ဆာ​လံ 80:1-4 BCL

1 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တော် ကြီး၊ကျွန်​တော်​မျိုး​တို့​၏​ပန်​ကြား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။သိုး​စု​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ​တော်​မူ​သော အ​ရှင်၊ကျွန်​တော်​မျိုး​တို့​လျှောက်​ထား​ချက်​ကို နား​ညောင်း​တော်​မူ​ပါ။ခေ​ရု​ဗိမ်​ရုပ်​အ​ထက်​စံ​တော်​မူ​သော​အ​ရှင်၊

2 ဧ​ဖ​ရိမ်၊ဗင်္ယာ​မိန်​နှင့်​မ​နာ​ရှေ​အ​မျိုး​အ​နွယ် တို့​အား ပေါ်​လွင်​ထင်​ရှား​၍တန်​ခိုး​တော်​ကို​ပြ​တော်​မူ​ပြီး​လျှင်​ကြွ​လာ တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။

3 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​တော်​ကို ပြ​တော်​မူ​ပါ။သို့​ပြု​တော်​မူ​လျှင်​ကျွန်​တော်​မျိုး​တို့​သည် ကယ်​တင်​ခြင်း ခံ​ရ​ကြ​ပါ​လိမ့်​မည်။

4 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံးမိ​မိ​၏​လူ​စု​တော်​ပြု​သည့်​ဆု​တောင်း​ပတ္ထနာ များ​ကို အ​မျက်​ထွက်​၍​နေ​တော်​မူ​ပါ​မည်​နည်း။