ဆာ​လံ 80:5-11 BCL

5 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ဝမ်း​နည်း​မှု တည်း​ဟူ​သော​အ​စား​အ​စာ​ကို​ကျွေး​၍မျက်​ရည်​တည်း​ဟူ​သော​ရေ​ကို​ကြီး​မား​သည့် ခွက်​ဖ​လား​ဖြင့်​တိုက်​တော်​မူ​ပါ​ပြီ။

6 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​၏​တိုင်း​ပြည်​ကိုအိမ်​နီး​ချင်း​နိုင်​ငံ​တို့​၏​စစ်​မြေ​ပြင် ဖြစ်​စေ​တော်​မူ​ပါ​၏။ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား စော်​ကား​ကြ​ပါ​၏။

7 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​အား ပြန်​လာ​စေ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​တော်​ကို​ပြ​တော် မူ​ပါ။သို့​ပြု​တော်​မူ​လျှင်​ကျွန်​တော်​မျိုး​တို့​သည် ကယ်​တင်​ခြင်း ခံ​ရ​ကြ​ပါ​မည်။

8 ကိုယ်​တော်​ရှင်​သည်​အီ​ဂျစ်​ပြည်​မှ​စ​ပျစ်​ပင်​ကို ယူ​ဆောင်​တော်​မူ​ခဲ့​၍အ​ခြား​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​တော်​မူ ပြီး​လျှင်သူ​တို့​၏​ပြည်​တွင်​ထို​စ​ပျစ်​ပင်​ကို​စိုက်​ပျိုး တော်​မူ​ပါ​၏။

9 ကိုယ်​တော်​ရှင်​သည်​စ​ပျစ်​ပင်​ပေါက်​နိုင်​ရန်​မြေ​ကို ရှင်း​လင်း​ပြု​ပြင်​တော်​မူ​ပါ​၏။ထို​အ​ပင်​သည်​နက်​စွာ​အ​မြစ်​စွဲ​လျက်​တစ်​ပြည် လုံး​ကို လွှမ်း​မိုး​ပါ​၏။

10 ယင်း​သည်​တောင်​ကုန်း​များ​ကို​မိ​မိ​၏ အ​ရိပ်​ဖြင့်​လည်း​ကောင်း၊ကြီး​မား​သည့်​အာ​ရဇ်​ပင်​များ​ကို​မိ​မိ​၏​အ​ကိုင်း အ​ခက်​များ​ဖြင့်​လည်း​ကောင်း​ဖုံး​လွှမ်း​စေ​ပါ​၏။

11 ယင်း​၏​အ​ခက်​အ​လက်​တို့​သည်​မြေ​ထဲ​ပင်​လယ် သို့​တိုင်​အောင်​လည်း​ကောင်း၊ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​လည်း​ကောင်း ရောက်​ရှိ​ကြ​ပါ​၏။