ဆာ​လံ 80:9-15 BCL

9 ကိုယ်​တော်​ရှင်​သည်​စ​ပျစ်​ပင်​ပေါက်​နိုင်​ရန်​မြေ​ကို ရှင်း​လင်း​ပြု​ပြင်​တော်​မူ​ပါ​၏။ထို​အ​ပင်​သည်​နက်​စွာ​အ​မြစ်​စွဲ​လျက်​တစ်​ပြည် လုံး​ကို လွှမ်း​မိုး​ပါ​၏။

10 ယင်း​သည်​တောင်​ကုန်း​များ​ကို​မိ​မိ​၏ အ​ရိပ်​ဖြင့်​လည်း​ကောင်း၊ကြီး​မား​သည့်​အာ​ရဇ်​ပင်​များ​ကို​မိ​မိ​၏​အ​ကိုင်း အ​ခက်​များ​ဖြင့်​လည်း​ကောင်း​ဖုံး​လွှမ်း​စေ​ပါ​၏။

11 ယင်း​၏​အ​ခက်​အ​လက်​တို့​သည်​မြေ​ထဲ​ပင်​လယ် သို့​တိုင်​အောင်​လည်း​ကောင်း၊ဥ​ဖ​ရတ်​မြစ်​သို့​တိုင်​အောင်​လည်း​ကောင်း ရောက်​ရှိ​ကြ​ပါ​၏။

12 ထို​အ​ပင်​ကို​ကာ​ရံ​ထား​သည့်​ခြံ​စည်း​ရိုး​များ​ကိုအ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ချိုး​ဖျက်​တော်​မူ​ပါ​သ​နည်း။ယ​ခု​အ​ခါ​အ​နီး​မှ​ဖြတ်​သန်း​သွား​လာသူ​တိုင်း​ပင်​လျှင်​စ​ပျစ်​သီး​များ​ကို​ခိုး​ယူ နိုင်​ပါ​၏။

13 ထို​အ​ပင်​ကို​တော​ဝက်​များ​သည်​ကျော်​နင်း ကြ​၍ တော​တိ​ရစ္ဆာန်​များ​သည်​ကိုက်​စား​ကြ​ပါ​၏။

14 အနန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​တို့​ထံ တစ်​ဖန်​ကြွ​တော်​မူ​ပါ။ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍​ကြည့်​တော်​မူ​ပါ။ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​၏​လူ​စု​တော်​ကို ကယ်​တော်​မူ​ပါ။

15 ကြွ​လာ​တော်​မူ​၍​ကိုယ်​တော်​ရှင်​ကိုယ်​တော်​တိုင် စိုက်​ပျိုး​ပြီး​လျှင်အ​လွန်​သန်​မာ​ထွား​ကြိုင်း​အောင်​ပြု​စု​ထား​သည့် စ​ပျစ်​ပင်​ပျို​ကို​ကယ်​တော်​မူ​ပါ။