ဆာ​လံ 81:1-5 BCL

1 ငါ​တို့​ဘက်​မှ​ကာ​ကွယ်​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​ဘု​ရား​သ​ခင်​အားဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​လော့။ယာ​ကုပ်​၏​ဘု​ရား​အား​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။

2 သီ​ဆို​တီး​မှုတ်​မှု​ကို​အ​စ​ပြု​ကြ​လော့။ စောင်း ကြီး စောင်း​ငယ်​တို့​ကို​သာ​ယာ​စွာ​တီး​ကြ​လော့။

3 လ​ဆန်း​နေ့​နှင့်​လ​ပြည့်​နေ့​တွင်​ပွဲ​သ​ဘင်ကျင်း​ပ​ရန်​အ​တွက်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ လော့။

4 ဤ​သို့​ပွဲ​သ​ဘင်​ကျင်း​ပ​ရန်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၌​ဥ​ပ​ဒေ​ရှိ​ပေ​သည်။ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော အ​မိန့်​တော်​လည်း​ဖြစ်​ပေ​သည်။

5 ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ကို​တိုက်​ခိုက်​တော် မူ​စဉ်​ကယင်း​အ​မိန့်​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပေး​တော်​မူ​၏။မ​သိ​မ​ကျွမ်း​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။