13 ငါ၏လူစုတော်သည်ငါ့စကားကို နားထောင်စေချင်စမ်းပါဘိ။ငါ့အမိန့်ကိုနာခံစေချင်စမ်းပါဘိ။
14 သို့ဖြစ်လျှင်ငါသည်သူတို့၏ရန်သူများကို အလျင်အမြန်အရေးရှုံးနိမ့်စေမည်။သူတို့၏ရန်ဘက်အားလုံးကိုနှိမ်နင်းမည်။
15 ငါ့ကိုမုန်းသောသူတို့သည်ငါ့ရှေ့၌ ကြောက်ရွံ့ပျပ်ဝပ်ကြလိမ့်မည်။သူတို့သည်ထာဝရအပြစ်ဒဏ်ခံရကြ လိမ့်မည်။
16 ငါသည်သင်တို့အားအကောင်းဆုံးဂျုံဆန်ကို ကျွေးမွေး၍တောပျားရည်ကိုသုံးဆောင်စေမည်'' ဟုဆို၏။