ဆာ​လံ 82:1-4 BCL

1 ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တွင်​ကျင်း​ပ သည့် ကောင်​စီ​အ​စည်း​အ​ဝေး​၌​နေ​ရာ​ယူ​တော်​မူ​၏။ကိုယ်​တော်​သည်​ဘု​ရား​တို့​၏​အ​စည်း​ဝေး​၌ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သည်​မှာ

2 ``သင်​တို့​သည်​မ​တ​ရား​သ​ဖြင့်​စီ​ရင်​ဆုံး​ဖြတ် မှု​ကို မ​ပြု​ကြ​တော့​နှင့်။သူ​ယုတ်​မာ​တို့​၏​မျက်​နှာ​ကို​ထောက်​၍တ​ရား​စီ​ရင်​မှု​ကို​မ​ကျင့်​သုံး​ကြ​တော့​နှင့်။

3 ဆင်း​ရဲ​သူ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏​ရ​ပိုင်​ခွင့် များ​ကို ကွယ်​ကာ​စောင့်​ရှောက်​ရ​ကြ​မည်။ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့​သူ​တို့​အ​တွက် တ​ရား​မျှ​တ​စွာ​တ​ရား​စီ​ရင်​ရ​ကြ​မည်။

4 သူ​တို့​အား​မ​တ​ရား​သော​သူ​တို့​၏​လက်​မှ ကယ်​ဆယ်​ရ​ကြ​မည်။