ဆာ​လံ 83:1-5 BCL

1 အို ဘု​ရား​သ​ခင်၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ငြိမ်​သက်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။ ဆိတ်​ငြိမ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။

2 ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​သောင်း ကျန်း ထ​ကြွ​လျက်​နေ​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​ကို​မုန်း​သော​သူ​တို့​သည် တော်​လှန်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​၏။

3 သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား တိုက်​ခိုက်​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက်​နေ​ကြ ပါ​၏။ကိုယ်​တော်​ရှင်​ကွယ်​ကာ​ထား​တော်​မူ​သောသူ​တို့​အား​ဆန့်​ကျင်​ရန်​တိုင်​ပင်​လျက်​နေ ကြ​ပါ​၏။

4 သူ​တို့​က``လာ​ကြ၊ဣသ​ရေ​လ​မျိုး​ရိုး​သည်ထာ​ဝ​စဉ်​တိမ်​ကော​၍​သွား​စေ​ရန်​သူ​တို့ လူ​မျိုး​ကို သုတ်​သင်​ချေ​မှုန်း​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။

5 သူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြံ​စည်​ကြ​ပြီး​နောက်ကိုယ်​တော်​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​၍ မ​ဟာ​မိတ်​အ​ဖွဲ့​ကို​ဖွဲ့​စည်း​လိုက်​ကြ​ပါ​၏။