ဆာ​လံ 83:3-9-10 BCL

3 သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား တိုက်​ခိုက်​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက်​နေ​ကြ ပါ​၏။ကိုယ်​တော်​ရှင်​ကွယ်​ကာ​ထား​တော်​မူ​သောသူ​တို့​အား​ဆန့်​ကျင်​ရန်​တိုင်​ပင်​လျက်​နေ ကြ​ပါ​၏။

4 သူ​တို့​က``လာ​ကြ၊ဣသ​ရေ​လ​မျိုး​ရိုး​သည်ထာ​ဝ​စဉ်​တိမ်​ကော​၍​သွား​စေ​ရန်​သူ​တို့ လူ​မျိုး​ကို သုတ်​သင်​ချေ​မှုန်း​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။

5 သူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြံ​စည်​ကြ​ပြီး​နောက်ကိုယ်​တော်​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​၍ မ​ဟာ​မိတ်​အ​ဖွဲ့​ကို​ဖွဲ့​စည်း​လိုက်​ကြ​ပါ​၏။

6 ထို​မ​ဟာ​မိတ်​အ​ဖွဲ့​တွင်​ဧ​ဒုံ၊ဣ​ရှ​မေ​လ၊ မော​ဘ၊ ဟာ​ဂ​ရ​အ​မျိုး​သား​များ၊

7 ဂေ​ဗ​လ၊အမ္မုန်၊အာ​မ​လက်၊ဖိ​လိတ္တိ​အ​မျိုး​သား များ​နှင့် တု​ရု​မြို့​သား​များ​ပါ​ဝင်​ကြ​၏။

8 အာ​ရှု​ရိ​အ​မျိုး​သား​များ​သည်​လည်း​လော​တ​၏သား​မြေး​များ​ဖြစ်​သော​အမ္မုန်​နှင့်​မော​ဘ​ဘက်​မှ မ​ဟာ​မိတ်​အ​ဖြစ်​ဖြင့်​ပါ​ဝင်​ကြ​ပါ​၏။

9-10 အင်္ဒေါ​ရ​အ​ရပ်​တွင်​မိ​ဒျန်​အ​မျိုး​သား တို့​သည်​လည်း​ကောင်း၊ခိ​ရှုန်​မြစ်​အ​နီး​၌​သိ​ရ​မင်း​နှင့်​ယာ​ဘိန်​မင်း တို့​သည်​လည်း​ကောင်း​စစ်​ပွဲ​ရှုံး​သ​ဖြင့်သူ​တို့​၏​အ​လောင်း​များ​သည်​စစ်​တ​လင်း ပေါ်​၌ ပုပ်​ပျက်​သွား​စေ​သ​ကဲ့​သို့ဤ​မ​ဟာ​မိတ်​အ​ဖွဲ့​အား​လည်း​အ​လား တူ ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​ပါ။