ဆာ​လံ 84:2-8 BCL

2 ထို​အ​ရပ်​တွင်​လွန်​စွာ​နေ​လို​လှ​ပါ​သည်။ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် တံ​တိုင်း​များ​ကို​တ​သ​ပါ​၏။အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​အားကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ​ဝမ်း မြောက်​စွာ ထော​မ​နာ​သီ​ချင်း​ဆို​ပါ​၏။

3 ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊စာ​ငှက်​များ​နှင့်​ဇ​ရက်​များ​ပင်​လျှင်​မိ​မိ​တို့​၏ အ​သိုက်​အ​အုံ​များ​ကိုကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​အ​နီး​တွင်​ဆောက် လုပ်​၍ သား​ငယ်​များ​ကို​ထား​ကြ​ပါ​၏။

4 ကိုယ်​တော်​ရှင်​အား​အ​စဉ်​မ​ပြတ်​ထော​မ​နာ ပြု​လျက်ဗိ​မာန်​တော်​တွင်​နေ​ကြ​သူ​တို့​သည်​အ​လွန်​ပင် မင်္ဂ​လာ​ရှိ​ပါ​သည်​တ​ကား။

5 ကိုယ်​တော်​ရှင်​၏​ထံ​တော်​မှ​ခွန်​အား​စွမ်း​ရည်​ကို ခံ​ယူ​ရ​ရှိ​သော​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။သူ​တို့​သည်​ဇိ​အုန်​တောင်​တော်​သို့​ခ​ရီး​ပြု​ရန် စိတ်​ထက်​သန်​ကြ​ပါ​၏။

6 ထို​သူ​တို့​သည်​ခြောက်​သွေ့​နေ​သည့်​ဗာ​ကာ ချိုင့်​ဝှမ်း​ကို ဖြတ်​သန်း​သွား​စဉ်​ရေ​များ​ပေါက်​၍​လာ​ပါ​၏။မိုး​ဦး​ရွာ​သ​ဖြင့်​အိုင်​များ​ထွန်း​၍​လာ​ပါ​၏။

7 ထို​သူ​တို့​သည်​ခ​ရီး​ပြု​ရင်း​ခွန်​အား​တိုး​၍ လာ​ကြ​ပါ​၏။ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​ဘု​ရား​တ​ကာ တို့​၏ ဘု​ရား​ကို​ဖူး​မြင်​ရ​ကြ​ပါ​လိမ့်​မည်။

8 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​ပါ။အို ယာ​ကုပ်​၏​ဘု​ရား​သ​ခင်၊ နား​ထောင်​တော်​မူ​ပါ။