ဆာ​လံ 85:1-5 BCL

1 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပြည်​တော်​ကို သ​နား​တော်​မူ​ပါ​ပြီ။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တစ်​ဖန် ပြန်​လည်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​ပါ​ပြီ။

2 ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​၏​အ​ပြစ် များ​ကိုဖြေ​လွှတ်​တော်​မူ​၍​သူ​တို့​၏​အ​မှား​များ​ကို ခွင့်​လွှတ်​တော်​မူ​ပါ​ပြီ။

3 သူ​တို့​အား​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲကိုယ်​တော်​၏​ပြင်း​ထန်​သော​အ​မျက်​ပြေ​တော် မူ​ပါ​ပြီ။

4 ကျွန်​တော်​မျိုး​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​အား​မ​နှစ်​သက်​မှု​ရှိ​တော် မ​မူ​ပါ​နှင့်။

5 ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​၍ နေ​တော်​မူ​ပါ​မည်​လော။အ​မျက်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြေ​တော်​မ​မူ​တော့​ပြီ​လော။