ဆာ​လံ 85:2-8 BCL

2 ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​၏​အ​ပြစ် များ​ကိုဖြေ​လွှတ်​တော်​မူ​၍​သူ​တို့​၏​အ​မှား​များ​ကို ခွင့်​လွှတ်​တော်​မူ​ပါ​ပြီ။

3 သူ​တို့​အား​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲကိုယ်​တော်​၏​ပြင်း​ထန်​သော​အ​မျက်​ပြေ​တော် မူ​ပါ​ပြီ။

4 ကျွန်​တော်​မျိုး​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​အား​ပြန်​လာ​စေ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​အား​မ​နှစ်​သက်​မှု​ရှိ​တော် မ​မူ​ပါ​နှင့်။

5 ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​၍ နေ​တော်​မူ​ပါ​မည်​လော။အ​မျက်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြေ​တော်​မ​မူ​တော့​ပြီ​လော။

6 ကျွန်​တော်​မျိုး​တို့​ကို​အား​သစ်​လောင်း​တော် မူ​ပါ။သို့​ပြု​တော်​မူ​ပါ​လျှင်​ကိုယ်​တော်​ရှင်​၏လူ​စု​တော်​ဖြစ်​သော​ကျွန်​တော်​မျိုး​တို့​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​မည်။

7 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကိုပြ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား ကယ်​တင်​တော်​မူ​ပါ။

8 ငါ​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လျက်​နေ​၏။ငါ​တို့​သည်​မိုက်​မဲ​သော​လမ်း​စဉ်​ကို​စွန့်​ပစ်​ပါ​လျှင် ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​တည်း​ဟူ​သောငါ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​မည်​ဟု က​တိ​ပြု​တော်​မူ​ပါ​၏။