5 ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက်ထွက်၍ နေတော်မူပါမည်လော။အမျက်တော်သည်အဘယ်အခါ၌မျှ ပြေတော်မမူတော့ပြီလော။
6 ကျွန်တော်မျိုးတို့ကိုအားသစ်လောင်းတော် မူပါ။သို့ပြုတော်မူပါလျှင်ကိုယ်တော်ရှင်၏လူစုတော်ဖြစ်သောကျွန်တော်မျိုးတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါမည်။
7 အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကိုပြတော်မူ၍ကျွန်တော်မျိုးတို့အား ကယ်တင်တော်မူပါ။
8 ငါသည်ထာဝရအရှင်ဘုရားသခင်မိန့်တော်မူသည်ကိုနားထောင်လျက်နေ၏။ငါတို့သည်မိုက်မဲသောလမ်းစဉ်ကိုစွန့်ပစ်ပါလျှင် ကိုယ်တော်သည်မိမိ၏လူစုတော်တည်းဟူသောငါတို့အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူမည်ဟု ကတိပြုတော်မူပါ၏။
9 ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသောသူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။
10 မေတ္တာနှင့်သစ္စာသည်ဆုံမိကြလိမ့်မည်။တရားမျှတမှုနှင့်ငြိမ်းချမ်းသာယာမှုသည် ဖက်ယမ်းကြလိမ့်မည်။
11 လူတို့သစ္စာစောင့်မှုသည်ကမ္ဘာလောကမှ ပေါ်ထွက်လာ၍ဘုရားသခင်၏တရားမျှတမှုသည် ကောင်းကင်ဘုံမှငုံ့ကြည့်လိမ့်မည်။