1 ကျွန်တော်မျိုးသည်အင်အားချိနဲ့လျက်ခိုကိုးရာမဲ့ ဖြစ်၍နေပါ၏။ထို့ကြောင့် အို ထာဝရဘုရား၊ကျွန်တော်မျိုးလျှောက်ထားသည်ကိုနားထောင်တော် မူ၍ ဖြေကြားတော်မူပါ။
2 ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာစောင့်သည်ဖြစ်၍ကျွန်တော်မျိုးအားသေဘေးမှကယ်တော်မူပါ။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားကိုး စားသော အစေခံဖြစ်သောကြောင့်ကျွန်တော်မျိုးအားကယ်တော်မူပါ။
3 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ကျွန်တော်မျိုးသည်အထံတော်သို့တစ်နေ့လုံး ဆုတောင်းပတ္ထနာပြုပါ၏။
4 အို ဘုရားရှင်၊ကျွန်တော်မျိုးသည်ကိုယ်တော်၏ထံသို့ဆုတောင်းသည်ဖြစ်၍ကိုယ်တော်ရှင့်အစေ ခံအား ဝမ်းမြောက်စေတော်မူပါ။