12 အို ဘုရားရှင်၊ကျွန်တော်မျိုး၏ဘုရား၊ကိုယ်တော်ရှင်အားကျွန်တော်မျိုးသည် စိတ်နှလုံးအကြွင်းမဲ့ထောမနာပြုပါမည်။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကြီးမြတ် ပုံကို အစဉ်အမြဲထုတ်ဖော်ကြေညာပါမည်။
13 ကျွန်တော်မျိုးအပေါ်၌ကိုယ်တော်ရှင်ထားတော်မူသောခိုင်မြဲသောမေတ္တာတော်သည် ကြီးမားလှပါသည်တကား။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမရဏာ နိုင်ငံမှ ကယ်နုတ်တော်မူပါပြီ။
14 အို ဘုရားသခင်၊မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်လျက်နေကြပါ၏။ရက်စက်ကြမ်းကြုတ်သူလူတစ်စုသည် ကျွန်တော်မျိုးကို သတ်ရန်ကြိုးစားလျက်နေကြပါ၏။သူတို့သည်ကိုယ်တော်ရှင်အားပမာဏမပြုကြပါ။
15 အို ဘုရားရှင်၊ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
16 ကျွန်တော်မျိုးထံကြွတော်မူ၍ကျွန်တော်မျိုး အား သနားတော်မူပါ။ကျွန်တော်မျိုးသည်မိမိ၏မိခင်နည်းတူ ကိုယ်တော်ရှင်၏အစေကိုခံပါသဖြင့်ကျွန်တော်မျိုးအားခွန်အားစွမ်းရည်ကို ပေးတော်မူပြီးလျှင်ကယ်တော်မူပါ။
17 အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကျေးဇူးပြုတော်မူကြောင်းကိုသက်သေပြ တော်မူပါ။ကျွန်တော်မျိုးအားကိုယ်တော်ရှင်နှစ်သိမ့် မှုနှင့် ကူညီမစမှုပေးတော်မူသည်ကိုကျွန်တော်မျိုးကိုမုန်းသောသူတို့သည် မြင်ကြသောအခါအရှက်ရကြပါ လိမ့်မည်။