ဆာ​လံ 86:5-11 BCL

5 ကိုယ်​တော်​ရှင်​၌​ကျွန်​တော်​မျိုး​တို့​အ​ပေါ်ကောင်း​မြတ်​သော​သ​ဘော၊အ​ပြစ်​လွှတ်​တတ်​သော သ​ဘော​ရှိ​တော်​မူ​ပါ​၏။အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သူ အ​ပေါင်း​တို့အ​ပေါ်​ထား​တော်​မူ​သည့်​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​ကြွယ်​ဝ​ပါ​၏။

6 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​များ​ကို ကြား​တော်​မူ​ပါ။

7 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​သည်​ဖြစ်​၍ဒုက္ခ​ရောက်​ချိန်​များ​၌​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ကို​ခေါ်​ပါ​၏။

8 အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​ကဲ့​သို့​သော​ဘု​ရား​မ​ရှိ​ပါ။ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​ကဲ့​သို့ အ​ဘယ်​ဘု​ရား​မျှ​မ​ပြု​ခဲ့​ပါ။

9 ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သောလူ​မျိုး​အ​ပေါင်း​တို့​သည်​လာ​၍​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ပါ​လိမ့်​မည်။ကိုယ်​တော်​ရှင်​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။

10 ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​တော်​မူ​၍ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​၏။ကိုယ်​တော်​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။

11 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပြု​စေ တော်​မူ လို​သည့်​အ​တိုင်း​ညွှန်​ကြား​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​သစ္စာ​နှင့်​လိုက်​နာ​ဆောင် ရွက်​ပါ​မည်။ကိုယ်​တော်​ရှင်​အ​မှု​တော်​ကို​မ​မှိတ်​မ​သုန် ဆောင်​ရွက်​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။