1 ထာဝရဘုရားသည်မိမိ၏မြို့တော်ကိုသန့်ရှင်းမြင့်မြတ်သည့်တောင် ပေါ်တွင် တည်ဆောက်တော်မူ၏။
2 ကိုယ်တော်သည်ယေရုရှလင်မြို့ကြီးကိုဣသရေလနိုင်ငံရှိအခြားမြို့အပေါင်းတို့ထက် ပို၍နှစ်သက်မြတ်နိုးတော်မူ၏။
3 အို ဘုရားသခင်၏မြို့တော်၊သင်၏အကြောင်းကိုယ်တော်ယခုမိန့်တော် မူသော အံ့သြဖွယ်ရာများကိုနားထောင်လော့။
4 ကိုယ်တော်မိန့်တော်မူသည်မှာ``ငါ၏စကားကိုနားထောင်သည့်နိုင်ငံများစာရင်းကိုယူသောအခါအီဂျစ်ပြည်နှင့် ဗာဗုလုန်ပြည်ကိုငါထည့်သွင်းမည်။ဖိလိတ္တိပြည်၊တုရုပြည်နှင့်ဆူဒန်ပြည်မှလူတို့သည်လည်းယေရုရှလင်မြို့သားများ စာရင်းတွင်ငါဖော်ပြမည်။''
5 ဇိအုန်တောင်အားလူမျိုးအပေါင်းတို့ဖွားမြင်ရာ မိခင်ဟူ၍လည်းကောင်း၊အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသည်ထိုတောင်ကိုခိုင်ခံ့စေတော်မူလိမ့်မည် ဟူ၍လည်းကောင်းလူတို့ပြောဆိုကြ လိမ့်မည်။