ဆာ​လံ 9:13-19 BCL

13 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။ရန်​သူ​များ​ကြောင့်​ကျွန်​တော်​မျိုး​အ​ဘယ်​မျှ ဆင်း​ရဲ ဒုက္ခ​ခံ​ရ​ကြောင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။အို ထာ​ဝ​ရ​ဘု​ရားကျွန်​တော်​မျိုး​အား​သေ​ဘေး​မှ​ကယ်​ဆယ်​တော် မူ​ပါ။

14 သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည် ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ရှေ့​တွင်​ရပ်​လျက်ကိုယ်​တော်​၏​ဂုဏ်​ကျေး​ဇူး​တော်​အ​ပေါင်း​ကို ဖော်​ပြ​နိုင်​ပါ​လိမ့်​မည်။ကိုယ်​တော်​၏​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော် ကြောင့် ကျွန်​တော်​မျိုး​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​မည်။

15 ဘု​ရား​မဲ့​သူ​တို့​သည်​မိ​မိ​တို့​တူး​သော​ကျင်း ထဲ​သို့ ပြန်​၍​ကျ​ကြ​လေ​ပြီ။မိ​မိ​တို့​ထောင်​ထား​သော​ကျော့​ကွင်း​တွင်း​၌ ပင်​လျှင် ပြန်​၍​မိ​ကြ​လေ​ပြီ။

16 ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​စွာတ​ရား​စီ​ရင်​တော်​မူ​ခြင်း​အား​ဖြင့်​မိ​မိ​ကိုယ် ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​များ အား​ဖြင့် ပြန်​၍​ကျော့​မိ​ကြ​ကုန်​၏။

17 ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​အ​ပေါင်း​နှင့်သူ​ယုတ်​မာ​တို့​သည်​သေ​ခြင်း​တွင် လမ်း​ဆုံး​ရ​ကြ​လိမ့်​မည်။

18 ထာ​ဝ​ရ​ဘု​ရား​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကိုအ​စဉ်​အ​မြဲ​မေ့​လျော့​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ဆင်း​ရဲ​သော​သူ​တို့​သည်​လည်း​ထာ​ဝ​စဉ် မျှော်​လင့်​ရာ​မဲ့​ဖြစ်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။

19 အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​အား​လူ​တို့​အာ​ခံ​ရန် ခွင့်​ပြု​တော်​မ​မူ​ပါ​နှင့်။ဘု​ရား​မဲ့​သူ​တို့​အား​ရှေ့​တော်​သို့​ခေါ်​ဆောင်​၍ တ​ရား​စီ​ရင်​တော်​မူ​ပါ။