17 ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့်သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။
18 ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့ကိုအစဉ်အမြဲမေ့လျော့တော်မူလိမ့်မည်မဟုတ်။ဆင်းရဲသောသူတို့သည်လည်းထာဝစဉ် မျှော်လင့်ရာမဲ့ဖြစ်ရကြလိမ့်မည်မဟုတ်။
19 အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ကိုယ်တော်ရှင်အားလူတို့အာခံရန် ခွင့်ပြုတော်မမူပါနှင့်။ဘုရားမဲ့သူတို့အားရှေ့တော်သို့ခေါ်ဆောင်၍ တရားစီရင်တော်မူပါ။
20 အို ထာဝရဘုရား၊ သူတို့အားကြောက်လန့်စေတော်မူပါ။မိမိတို့သည်လူမျှသာဖြစ်ကြောင်းကို သိစေတော်မူပါ။